Myanmar Update 2021:

Living with the pandemic and the coup

15—17 July 2021, online via Zoom

Hosted by the Myanmar Research Centre at the Australian National University

Mon protestors w masks.jpeg

In 2020 the COVID-19 pandemic changed things everywhere. It is still too early to say what the full effects of the pandemic will be on Myanmar. And to further exacerbate this, in February 2021, the Tatmadaw, Myanmar’s Armed forces staged a coup seizing power from the democratically elected and incumbent government, the National League for Democracy. What has followed has seen mass demonstrations on the streets, brutal crackdowns, economic downturn and the redrawing of many long-held boundaries, be it social or political. This year’s update brings together a diverse list of experts who address the many social issues that have emerged from both the pandemic and the coup and their long term consequences for Myanmar.

၂၀၂၀ ခုနှစ်တွင် COVID-19 ကူးစက်ရောဂါကြောင့် နေရာတိုင်းတွင် အရာရာသည်ပြောင်းလဲသွားခဲ့သည်။ ကူးစက်ရောဂါသည် မြန်မာနိုင်ငံအပေါ် အတိုင်းအတာမည်မျှအထိ သက်ရောက်မည်လဲ ဆိုသည်မှာ မှန်းဆရန် စောနေသေးသည်။ ပိုမိုဆိုးရွားသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်တပ်မတော်သည် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရပြီး တာဝန်ထမ်းဆောင်နေဆဲအစိုးရဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံမှ အာဏာသိမ်းယူခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လမ်းပေါ်ထွက် လူထုဆန္ဒပြပွဲများ၊ ရက်စက်စွာနှိမ်နင်းခြင်းများ၊ စီးပွားရေးကျဆင်းမှု၊ လူမှုရေးနှင့် နိုင်ငံရေးအရ ကွဲပြားခြားနားခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ ယခုနှစ်ကွန်ဖရင့်တွင်မူ ကိုးဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသော မြောက်များစွာသောအကြောင်းအရာများနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မည့် ရေရှည်အကျိုးဆက်များကို လေ့လာကြသည့် ကျွမ်းကျင်သူအများအပြား စုစည်းပါဝင်လာကြမည်ဖြစ်သည်။

 
Photo by Asim Jaweed

Photo by Asim Jaweed

The Myanmar (Burma) Update is a major venue at which to present cutting-edge scholarship on political, social and economic affairs in Myanmar. Now in its third decade, it is one of only two longstanding, regularly held international conferences on the country, and is alone in routinely publishing papers presented at the conference. It is one of a range of Update conferences held at the Australian National University on countries across Asia and the Pacific. Details of previous Myanmar Updates and publications are available at the ANU Myanmar Research Centre website: https://myanmar.anu.edu.au. For further information, please contact the conveners at myanmar.research@anu.edu.au

Myanmar (Burma) Update သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းရာများနှင့် သက်ဆိုင်သောပညာရပ်လေ့လာမှုများကို တင်ပြဆွေးနွေးကြသော အရေးပါသည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်ပါသည်။ ယခုကွန်ဖရင့်သည် ဆယ်စုနှစ်သုံးခုအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပုံမှန်ကျင်းပလျက်ရှိသော နိုင်ငံတကာပညာရပ်ဆိုင်ရာဆွေးနွေးပွဲ နှစ်ခုအနက်မှတစ်ခုဖြစ်ပြီး ဆွေးနွေးပွဲတွင် တင်ပြသောစာတမ်းများအား ပုံမှန်ထုတ်ဝေသော တစ်ခုတည်းသောအဖွဲ့ဖြစ်ပါသည်။ ထို့အပြင် သြစတြေးလျအမျိုးသားတက္ကသိုလ်၌ အာရှနှင့်ပစိဖိတ်နိုင်ငံများနှင့်ပတ်သက်၍ ပြုလုပ်သော ဆွေးနွေးပွဲများစွာထဲမှ တစ်ခုလည်းဖြစ်ပါသည်။ ယခင်ကျင်းပခဲ့သော ဆွေးနွေးပွဲများနှင့် ပုံနှိပ်ထုတ်ဝေမှုများ၏ အသေးစိတ်အချက်အလက်များကို ANU Myanmar Research Centre ဝက်ဘ်ဆိုက် https://myanmar.anu.edu.au တွင်ရနိုင်သည်။ သိရှိလိုသည်များရှိပါက ကျေးဇူးပြု၍ ကျင်းပရေး တာဝန်ခံများအား myanmar.research@anu.edu.au တွင် ဆက်သွယ်နိုင်ပါသည်။